ကျွန်ုပ်တို့၏ကုန်ပစ္စည်းများကိုအသုံးပြုသင့်သည့်အကြောင်းရင်းများ

အရည်အသွေးမြင့်မားခြင်း၊ ဈေးနှုန်းချိုသာခြင်း

ကျွန်ုပ်တို့၏ ထုတ်ကုန်များသည် ဝယ်ယူအားပေးသူများ အချင်းချင်းထောက်ခံမှူပေး၍ထုတ်ကုန်၏ကောင်းသတင်းများ ဆောင်ကျဉ်းပေးသောကြောင့် အရောင်းဝန်ထမ်းနှင့် အရောင်းမြှင့်တင်ရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ်များအသုံးပြုရန်မလိုပါ။ ထို့ကြောင့် ထုတ်ကုန်များအား ဈေးနှုန်းအထူးချိုသာ ပြီးအရည်သွေးမြင့်မားစွာထုတ်လုပ်ထားပါသည်။

dreamstime_m_9906172

အရည်အသွေးစစ်ဆေးခြင်း

ကုန်ပစ္စည်းများအားလုံးကို တပ်ဆင်ပြီးတကြိမ်နှင့် ထုပ်ပိုးမှုမပြုလုပ်မီတကြိမ် တခုလျှင် ၂ ကြိမ်တိတိ အရည်အသွေး စစ်ဆေးမှုပြုလုပ်သည့်အတွက် ပျက်စီးချို့ယွင်းမှုနှုန်း အလွန်နဲပါးသည်။ ကုန်ထုတ်လုပ်မှုစားရိတ် လျှော့ချရန်အတွက် အရည်အသွေးလျှော့ချမှု မပြုလုပ်သောကြောင့် နှစ်ပေါင်းများစွာ ၀ယ်ယူသူများ၏ ယုံကြည်စိတ်ချမှု ရရှိနိုင်ခဲ့ပါသည်။

စံချိန်မှီလျှပ်စစ်မီးကြိုး

လျှပ်စစ်ပလတ်ခေါင်းများအားလုံးကို TISI ခွင့်ပြုချက်ရ စံနှုန်းမှီ လျှပ်စစ်မီးကြိုးများဖြင့် အသုံးပြုထားသည့်အတွက် သုံးစွဲသူများ အန္တရာယ် ကင်းရှင်းစေပါသည်။ ထို့အပြင် လျှပ်စစ်မီးကြိုးများ ပူလောင်စေသည့်အကြောင်းရင်းဖြစ်သော ကြေးနီပါဝင်မှု စံနှုန်းအောက်နဲပါးသည့်ပြသနာ ကင်းဝေးစေရန် ထုတ်လုပ်ထားပါသည်။

POM_1241-e1448852603314

POM_12322

ပလက်ပေါက်မြဲမြံမှုရှိခြင်း

ပလတ်ကိုအချိန်ကြာမြင့်စွာသုံးသော်လည်း ပလတ်ပေါက်များသည် ပလတ်ထိုးပါက မြဲမြံစွာရှိပြီး ပလတ်ခေါင်း ပူလောင်မှုဖြစ်သည့် အကြောင်းရင်းဖြစ်သော ပလပ်ခေါင်းချောင်မှုကို ကာကွယ်ပေးသည်။

ကုမ္ပဏီရာဇ၀င်

      ကုမ္ပဏီကို ၁၉၇၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကွန်ကရစ်တွင်အသုံးပြုသည့် အစိမ်းရောင် ပလပ်စတစ်ဝေါပလတ် (wall plug) များကို MODEL တံဆိပ်ဖြင့် စတင်ထုတ်လုပ်ခဲ့သည်။ ထို့နောက် ၁၉၈၀ ခုနှစ်တွင် ဆံပင်ညှပ် အပိုပစ္စည်းမျိုးစုံ စတင်ထုတ်လုပ်ခဲ့ပြီး ထိုင်းနိုင်ငံ အဓိက ပန်ကာထုတ်လုပ်သည့် စက်ရုံအတွက် ပလပ်မီးခေါင်းနှင့်အတူ လျှပ်စစ်မီးကြိုးများ စတင်ထုတ်လုပ်ခဲ့သည်။

      ပလတ်စတစ်နှင့်မီးကြိုးများထုတ်လုပ်ရာမှ လျှပ်စစ်ပလပ်ခေါင်းများ ထုတ်လုပ်မှုသို့ အဆင်သင့် ဖြစ်နေသည့် အခြေအနေသို့ရောက်ရှိလာကာ ကိုယ်ပိုင်တံဆိပ်ဖြင့် ထုတ်လုပ်မှုသို့ တွန်းပို့စေခဲ့သည်။ ထို့ကြောင့် ၁၉၉၀ ခုနှစ်တွင် ပလပ်ပေါက်များကို AMC တံဆိပ်ဖြင့်စတင်ထုတ်လုပ်နိုင်ခဲ့ပြီး ဈေးကွက်လက်ခံမှု အလွန်ကောင်းမွန်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် AMC တံဆိပ်ဖြင့် ပလတ်ခေါင်းများ စတင်ထုတ်လုပ်ခဲ့ရာ အလားတူစွာ ၀ယ်ယူသူများ၏ လက်ခံမှု အလွန်ကောင်းမွန်ခဲ့သည်။ ဈေးကွက်ချဲ့ထွင်သည့်အနေနှင့် ၀ယ်ယူသူများ ရွေးချယ်နိုင်မှု ပိုမိုရှိစေရန် ၂၀၀၀ ခုနှစ်တွင် MOTTO တံဆိပ်ဖြင့် ပလတ်ခေါင်းများကို တိုးချဲ့ထုတ်လုပ်ခဲ့သည်။

      ကုန်ပစ္စည်းတခုလျှင် အရည်အသွေး ၂ ကြိမ် စစ်ပေးသည့်အတွက် ၀ယ်ယူသူများ၏ ယုံကြည်စိတ်ချမှုကို ရရှိခဲ့သည်။ ထို့ကြောင့် နှစ်ပေါင်း ၄၀ အတွင်း Navapong Industry Co., Ltd. သည် နှစ်စဉ် ပျမ်းမျှ ၂၀% ရောင်းအားတက်လာခဲ့သည်။ လက်ရှိအချိန်တွင် ရုံးခန်းနှင့်စက်ရုံသည် ဘန်ခွန်ထီယမ်လမ်းမပေါ်၌ တည်ရှိပြီး တစ်လလျှင်ထုတ်လုပ်မှုအား သိန်းဂဏန်းရှိသောကြောင့် ပြည်တွင်းနှင့်ပြည်ပရှိ ၀ယ်ယူသူများသို့ တင်ပို့နိုင်အား အလုံအလောက်ရှိကာ CLMV အုပ်စုအတွင်း လက်ခံအားပေးမှု အလွန်ကောင်းမွန်စွာ ရရှိထားသည်။ ၀ယ်ယူသူများ အဆက်မပြတ် ယုံကြည်စိတ်ချမှု ရရှိစေရန်အတွက် ကုန်ပစ္စည်းများ အရည်အသွေး စစ်ဆေးသွားရန်နှင့် ကုန်ထုတ်လုပ်မှု တိုးချဲ့သွားရန် ပေါ်လစီများ သတ်မှတ်ထားပါသည်။